Let us be part of your journey to successsafeneteducation@gmail.com
Back to all articles

UK မှာ Professional အလုပ်ဘယ်လိုရှာမလဲ

January 19, 2026
2 min read
UK မှာ Professional အလုပ်ဘယ်လိုရှာမလဲ

ကျောင်းသားတွေ နိုင်ငံခြားမှာ ကျောင်းပြီးလို့ Professional Full time အလုပ်ရှာရန် ကြိုတင်ပြင်ဆင်၊ လုပ်ဆောင်သင့်တဲ့ အချက်များကို SafeNetမှဖော်ပြပေးလိုက်ပါတယ်။

ဒီ Article က UK အတွက်သာ ရေးသားထားခြင်းဖြစ်သည်။

“Preparation is the key to success”

ကျောင်းမပြီးခင် ကိုယ်လျှောက်ချင်တဲ့အလုပ်တွေကို Research လုပ်ထားပါ။ Research လုပ်စေချင်တာ ကိုယ်လျှောက်ချင်တဲ့ အလုပ်ရဲ့Job description တွေမှာဘာskillsတွေလိုတာလဲ။ လိုအပ်တဲ့ Skill တွေအတွက် courseတွေကိုonline မှာ ဖြစ်ဖြစ်ကြိုလေ့လာထားပါ။

ဥပမာ - Junior Data Analyst အလုပ်ရဖို့ Excel တော့အနည်းဆုံး Advance level ထိရှိရမယ်ဆိုရင်ကြိုတင်လေ့လာပြင်ဆင်ထားပါ။ တစ်ချို့အလုပ်တွေဆိုရင် လိုအပ်တဲ့ skills တွေကို Practical test အနေဖြင့် interviewမှာမေးပါတယ်။

အခြား Profession ဖြစ်တဲ့ Engineering၊ Accounting အလုပ်တွေအတွက်ဆိုလည်း ကျောင်းမှာသင်ထားတဲ့အခြေခံအားလုံးကိုသိအောင် ကြိုတင်ပြင်ဆင်လေ့လာထားပါ။

Curriculum Vitae

ပထမအရေးကြီးဆုံးက CV ကိုသေချာပြည့်စုံအောင် ပြင်ဆင်ဖို့လိုတယ်။ ကိုယ်လျှောက်မယ့် အလုပ်ရဲ့ လိုအပ်တဲ့ Skills တွေကိုယ့်CVထဲမှာရှိကိုရှိရမယ်။လျှောက်မယ့်အလုပ်တစ်ခုချင်းစီအတွက်လဲ မလျှောက်ခင် CVကိုနည်းနည်းပါးပါး Customise ပြင်ဆင်နိုင်ရင် အကောင်းဆုံးပဲ။

Interview

Interview တိုင်းမှာမေးလေ့ရှိတဲ့အခြေခံကျတဲ့မေးခွန်းများကို ယုံကြည်ချက်အပြည့်နဲ့ ပြောနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ဥပမာ -

1. Tell me something about yourself?

2. Why do you want to work here?

3. Why did you decide to apply for this position?

4. What is your greatest strength?

5. What are your weaknesses?

6. What do you know about this company/organisation?

ဆိုတဲ့မေးခွန်းတွေလိုမျိုးပေါ့။ Interview တိုင်းမှာမေးလေ့ရှိတယ်။ ယုံကြည်ချက်အပြည့်နဲ့ပြောနိုင်အောင် သေချာလေ့လာပြင်ဆင်ထားဖို့လိုပါတယ်။ သွားခဲ့တဲ့ Interview ပြီးတိုင်းလဲ Feedback တောင်းပါ။ ဒါမှကိုယ်ရဲ့လိုအပ်ချက်တွေ၊ နောက်Interview တွေမှာပြင်ဆင်သင့်တာတွေကို ပြင်ဆင်လို့ရမယ်။

Salary

ကိုယ်လျှောက်ချင်တဲ့ အလုပ်ရာထူး Position က Average Salary ဘယ်လောက်ရှိလဲဆိုတာ Online မှာResearch လုပ်ထားပါ။ ဒါမှာ Offerရတဲ့အခါကျရင် Average Salary သိထားတော့သေချာ Negotiate ညှိနှိုင်းလို့ရမှာပါ။ UK မှာအလုပ်နေရာဒေသက အသုံးစရိတ်၊ Living Expense ပေါ်မူတည်ပြီး လစာကွဲပြားပါတယ်။ ဥပမာ London ဆိုပိုရတယ် စားစရိတ်၊ နေထိုင်မူစရိတ်ပိုလည်းကုန်ကျတဲ့အတွက်။

LinkedIn profile ကိုသေချာပြင်ဆင်ပါ။

1. Professional Photo

2. Headline and Summary

3. Education, work experiences and skills ကိုသေချာပြင်ဆင်ပါ။ Profile ကောင်းကောင်းဘယ်လိုဖန်တီးရမလဲဆိုတာကိုလည်း သေချာ online မှာResearch လုပ်ပါ။

'၇)စက္ကန့် တိုင်းမှာလူတစ်ယောက် LinkedIn ကနေအလုပ်ရတယ်တဲ့' ဒါကြောင့် LInkedInကို Networking အနေနဲ့ သုံးရုံသာမက ကိုယ့်ရဲ့ Profileကို CV ပုံစံလိုမျိုး ပြင်ဆင်ထားဖို့လိုပါတယ်ကိုယ်လျှောက်ချင်တဲ့ companyက Hiring manager/Directors ကဘယ်သူလဲဆိုတာသိအောင်လုပ်ပြီး LinkekIn မှာ messageတိုက်ရိုက်ပို့ပါ။

ကံကောင်းရင် Recruiters ကနေတောင်ကိုယ့်ကိုအလုပ်အခွင့်အလမ်းအတွက် LinkedIn ကနေတဆင့်ဆက်သွယ်နိုင်ပါတယ်။

Recruitment Agency တွေနဲ့ဆက်သွယ်ပြီး အလုပ်လျှောက်ပါ။

UK မှာအလုပ်ခေါ်တဲ့ Companyက Recruitment agency ကိုပိုက်ဆံပေးရတာများပါတယ်။ Professional Full time အလုပ်တော်တော်များများက အလုပ်ရှာတဲ့လူကပေးစရာမလိုတာများပါတယ်။ ဒါကြောင့် Recruitment Agency တော်တော်များများကို Register လုပ်ထားပါ။ ဖုန်းဆက်လို့အဆင်မပြေရင်​ရုံးခန်းသွားပြီး Registerလုပ်ပါ။ အချို့Agencyတွေကဖုန်းဆက်ပြီးအရင်ဆုံး ဘာအလုပ်ရှာချင်တာလဲ၊ ကိုယ့်ရဲ့အတွေ့အကြုံ၊ ဘာskillsတွေရှိလဲစသည်ဖြင့် Phone Interview အနေဖြင့် အရင်မေးလေ့ရှိတယ်။ ယုံကြည်ချက်အပြည့်နဲ့ ဖြေနိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ကို အရင်ဆုံးကိုယ့်ရဲ့အရည်အချင်းကို Convince လုပ်မှ Companyတွေကို Interview ချိတ်ပေးမှာပါ။

Job Search Websites တွေကိုအသုံးပြုပါ။

Job Search websites တွေက်ိုRegisterလုပ်ပြီး CV ကို Uploadလုပ်ထားပါ။ နေ့စဉ်နှင့်အမျှမပျက် အလုပ်အသစ် ရှိမရှိဝင်ကြည့်ပါ။ ကိုယ်လျှောက်ချင်တဲ့အလုပ်တွေ့ပြီဆိုတာနဲ့ လျှောက်ပါ။ မနှောင့်နှေးပါနဲ့။ Popular job search sites တွေကတော့

https://www.monster.co.uk/

https://uk.indeed.com/

https://www.cv-library.co.uk/career-advice/

https://www.cv-library.co.uk/

https://www.totaljobs.com/

Networking

အပေါင်းအသင်းများစွာရှိခြင်းကအလုပ်ရှာတဲ့နေရာမှာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့်ကိုယ်လုပ်ချင်တဲ့နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ Senior အကိုအမတွေများများသိခဲ့ရင် သူတို့ရဲ့အတွေ့အကြုံတွေ၊ လက်ရှိသူတို့လုပ်ကိုင်နေတဲ့ကုမ္ပဏီမှာလဲ​ အလုပ်အခွင့်အလမ်းတွေအတွက် မေးမြန်းလို့ရတယ်။

အခြား အကြုံပြုချက်

ကျောင်းသားတိုင်း အလုပ်အတွေ့အကြုံရဖို့ နေထိုင်ခွင့် (၂)နှစ် Graduationပြီးရင်တိုးလို့ရပေမယ့် UK မှာအခြေကျဆက်လက်နေထိုင်ဖို့ဆိုရင် ကိုယ်ရတဲ့အလုပ်က Sponsorshipပေးမှ ဆက်ပြီး UK မှာVisaတိုးပြီးနေထိုင်လို့ရပါမယ်။ (၂)နှစ်အတွင်းမှာပထမဆုံးရတဲ့အလုပ်က Sponsorship အတွက်အကူအညီမပေးနိုင်ဘူးဆိုရင် အလုပ်ကိုမငြင်းပယ်ပဲ အတွေ့အကြုံအရင်ရယူဖို့အတွက်အရင်ကြိုးစားလုပ်ဖို့အကြံပေးချင်တယ်။ နောက်မှဆက်ပြီး ကိုယ့်ကိုSponsor ပေး မယ့်အလုပ်ကိုဖြေးဖြေးရှာပါ။ဒါမှ နောက်အလုပ်တစ်ခုရှာတဲ့အခါ အလုပ်အတွေ့အကြုံရှိပြီးသွားပြီဖြစ်တဲ့အတွက်ပိုပြီးအလုပ်သစ်တွေရှာ ရတာလွယ်ကူလာလိမ့်မယ်။

Relocation

နောက်ပြီးအလုပ်လျှောက်ရမယ့်နေရာဒေသကိုလည်း အရမ်းမရွေးပါနဲ့။ ဒါမှလျှောက်မယ့်အလုပ်ရွေးချယ်စရာပိုရှိလာမှာပါ။ ကိုယ်လုပ်ချင်တဲ့အလုပ် Company ကောင်းဆိုအလုပ်ရှိတဲ့နေရာကိုပြောင်းရွှေ့ဖို့အကြံပေးချင်ပါတယ်။လိုချင်တဲ့အလုပ်ရဖို့ကအဓိကပါ။

'Winners never quit and Quitters never win'

နောက်ဆုံးအနေနဲ့ ပြောချင်တာက လွယ်လွယ်နဲ့ အရှုံးမပေးဖို့ပါပဲ။ အလုပ်တစ်ခုက အလုပ်ပေါင်းတစ်ထောင်လောက်ငြင်းပယ်ခံရပြီးမှလည်း ရနိုင်ပါတယ်။ အလုပ်ငြင်းပယ်ခံရတာကို စိတ်ဓာတ်ကျလို့ ဆက်မလျှောက်ဘူးဆိုရင် ဘယ်တော့မှအလုပ်ရတော့မှာ မဟုတ်ပါဘူး။ အလုပ်ကို ကြိုးစားပြီးဆက်လျှောက်သွားဖို့က ကိုယ့်တာဝန်ပါ။ အချိန်တန်ရင် ကိုယ့်ကြိုးစားမှုရဲ့အကျိုးရလဒ်များရရှိလာပါလိမ့်မယ်။

ဒီ SafeNet ရဲ့Article လေးကိုဖတ်ပြီးကျောင်းသားများ Graduate ပြိီးသွားလို့ အလုပ်ရှာတဲ့အခါ အထောက်အကူဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Share this article

Ready to Start Your Study Abroad Journey?

Get expert guidance from our consultants and take the first step towards your international education dreams.