ဆောင်းတွင်းမှာ ရာသီဥတုက မှောင်တော့ အလွယ်တကူစိတ်မကြည်တာ စိတ်ဓာတ်ကျတာမျိူးသူ့အလိုလို သတိမထားမိပဲ ဖြစ်တတ်ပါတယ်။ အဲဒါကို Winter Blues (သို့) SAD (Seasonal Affective Disorder)လို့လည်းခေါ်ပါတယ်။
အဓိကဖြစ်ရတဲ့အကြောင်းရင်းက ရာသီဥတု အပြာင်းအလဲကြောင့်ရယ်၊ ဆောင်းတွင်းမှာ လင်းတဲ့အချိန်ထက်မှောင်တဲ့အချိန်ပိုများလို့ဖြစ်ရတာပါ။
အရမ်းလင်းတဲ့ တိုင်းပြည်ကလိုမျိုး မြန်မာပြည်ကနေ အနောက်ပ်ိုင်းနိုင်ငံတွေကိုလာရင် ဆောင်းတွင်းရောက်ရင်နေသားမကျပဲ စိတ်မကြည်လင်၊ စိတ်ဓာတ်ကျတတ်ပါတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ ဒါလေးတွေလုပ်ပါနော်။
နေ့စဉ်လှုပ်လှုပ်ရှားရှားနေပါ။ ️️️️
ကိုယ်နှစ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ Gymသွားတာဖြစ်ဖြစ် ၊အပြင်လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ် ကြိုးစားပြီးလုပ်ပါ။ အေးလို့အခန်းအောင်းပြီးမနေပါနဲ့။ နေ့လည်နေခင်း အလင်းရှိတဲ့အချိန်ဆို ပိုကောင်းပါတယ်။နေရောင် ️နဲ့ထိတွေ့မှုရှိရင်အကောင်းဆုံးပါ။
ဝါသနာအသစ်ကို ရှာဖွေပါ လေ့လာပါ။
ကိုယ်စိတ်ဝင်စားတဲ့ လေ့လာချင်တဲ့ ဝါသနာအသစ်ကိုသင်ယူပါ။ ဥပမာ ဟင်းချက် ၊မုန့်ဖုတ်၊အပ်ချုပ်၊ချည်ထိုး၊ ဂစ်တာတီးတာ၊ အပင်စိုက်တာ စသည်ဖြင့် ဘာမဆိုလေ့လာပါ။ အဓိကက အာရုံစူးစိုက်မှု အဲဒီ့လေ့လာမှုအပေါ်မှာရောက်နေလို့ စိတ်ဓာတ်ကျဖို့ အချိန်တောင်ရှိမှာမဟုတ်ပါဘူး။
သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပြင်မှာတွေ့ဆုံပါ။ အိမ်နဲ့အမြဲဖုန်းပြောပါ။
အချိန်ပိုင်း( part time) အလုပ်လုပ်ပါ။
တစ်ယောက်တည်းနေရတဲ့အချိန် ပိုနည်းလာတော့ စိတ်မလေတော့ဘူးပေါ့။ မအားတဲ့အချိန်ပိုများလာလေ စိတ်ဓါတ်မကျအောင် ကာကွယ်လေပါပဲ။ အလုပ်အတွေ့အကြုံရော အပိုဝင်ငွေရောရမယ့်အတွက် ကိုယ့်အတွက်အကျိုးအမြတ်ကြီးပါပဲ။
နွေးနွေးထွေးထွေးနေပါ။
အအေးမိခြင်းက လူကိုပိုစိတ်ဓာတ်ကျစေပါတယ်။ နွေးနွေးထွေးထွေးရှိနေခြင်းက ဆောင်းတွင်း စိတ်မကြည်လင်၊ စိတ်ဓာတ်ကျခြင်းကို ထက်ဝက်လျှော့ချနိုင်တယ်လို့ NHS site ထဲမှာပြောထားပါတယ်။
ဖြည့်စွက်စာ Vitamin D သောက်ပါ။
Autumn နဲ့ Winter မှာ တစ်နေ့ကို 10 micrograms ပါတဲ့ Vitamin D Supplement ကိုသောက်သင့်တယ်လို့ NHS Site မှာပြောထားပါတယ်။ အဓိက အကြာင်းရင်းက နေရောင်ကနေ Vitamin D ကိုဆောင်းတွင်းမှာအပြည့်အဝရဖို့မဖြစ်နိုင်တာရယ်၊ နေ့စဉ်စားတဲ့အစားအစာထဲကနေလည်း အပြည့်အဝရဖို့ ခက်ခဲတာကြောင့်လို့ ဖြည့်စွက်စာ သောက်သုံးသင့်တယ်လို့ပြောထားပါတယ်။
ကျောင်းသားများအားလုံး အပေါ်မှာဖော်ပြထားတဲ့အချက်လေးတွေကို ကြိုးစားလုပ်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အခက်အခဲရှိခဲ့ရင်လည်း Safenet ကိုဆက်သွယ်ဖို့ မမေ့နဲ့နော်။



