ကျောင်းသားအများစု အထူးသဖြင့် ကိုယ့်မြန်မာကျောင်းသားများ University Course ရွေးချယ်မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတာကို ရွေးချယ်တာထက်
သူငယ်ချင်းအများစုက ရွေးချယ်တာမို့လို့
ဒါမှမဟုတ် မိဘရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကြောင့်
လောလောဆယ် ခေတ်စားနေတဲ့ သာဘာရပ်
တချိန်မှာ ဒီအလုပ်ကကိုယ့်ကိုဝင်ငွေကောင်းစေမယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်စသည်ဖြင့် ရွေးချယ်တာတွေ့ရတယ်။
တကယ်တော့ ကိုယ်ယူတဲ့ဘာသာပေါ်မှုတည်ပြီး ၃နှစ်အနဲဆုံး တတ်ရမှာမို့သေချာစဉ်းစားစေချင်တယ်။ ဘယ်အရာမှာ ကိုယ်ကစိတ်မဝင်စားရင် ရေရှည်မလေ့လာနိုင်ပါဘူး။ ကိုယ့်ဘဝရဲ့အချိန်တစ်ခုပဲပေးလိုက်ရလိမ့်မယ်။ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်ကျောင်းသားများ course ကိုမရွေးချယ်ခင် ကိုယ့်ကိုကိုယ်ဒီမေးခွန်းလေးမေးဖို့ အကြံပြုချင်ပါတယ်။
️ကိုယ်တကယ်စိတ်ဝင်စားလား?
️မနက်မိုးလင်းမိုးချုပ် အရမ်းကိုသိချင် စူးစမ်းလေ့လာချင်တဲ့ဘာသာရပ်လား?
️ တစ်နေ့မှာ ဒီcourse နဲ့ပက်သက်လို့ တသက်လုံးလုပ်ချင်တဲ့အလုပ်အကိုင်ကဘာလဲ? မနက်၉နာရီက၅နာရီ၊ တနလာနေ့ကသောကြာနေ့အထိ အဲအလုပ်လုပ်ရရင် ပျော်မှာလား?
️ ကိုယ့် Dream Job ကဘာလဲ?
ပြီးရင် ဒါလေးတွေ Research လုပ်ပါ ။
ရွေးချယ်မယ့်Courseမှာ ဘာsubjectတွေ သင်မှာလဲ။ကိုယ်စိတ်ဝင်စားတဲ့ subjectတွေရောပါရဲ့လား။
ကိုယ်လေ့လာချင်တဲ့ courseကို online learning sites တွေဖြစ်တဲ့
Coursea, Edx, Udemy sites တွေမှာအစမ်းလေ့လာကြည့်ပါ။ ကိုယ်စိတ်ဝင်စားလားသိရအောင်။
ကိုယ်လေ့လာချင်တဲ့ဘာသာရပ်က ကိုယ်ရွေးချယ်တဲ့ Universityမှာသင်တာကောင်းလား။
ကျောင်းသားအများစု ရွေးချယ်နေကျ Engineering, Medicine, IT , Business & Finance ဒီcourseတွေတတ်မှသာ တစ်ချိန်ကျအလုပ်ရမှာမဟုတ်ပါဘူး။ အဓိကက ကိုယ်လေ့လာတဲ့အရာကိုသေချာသိဖို့၊ ထူးချွန်ဖို့၊ အတွေ့အကြုံရှိဖို့ပါပဲ။ ကိုယ်တစ်ကယ့်ကို Passionateဖြစ်တဲ့အရာဖြစ်ပါစေ။ စိတ်ဝင်စားတဲ့အရာပဲဖြစ်ပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်ရမှာတစ်ခုက အလုပ်အကိုင်၊ဝင်ငွေ၊အောင်မြင်မှုတွေအားလုံးက ကိုယ်ကြိုးစားရင်သူ့အလိုလို ဖြစ်လာမယ်အရာတွေပါ။
မိဘများအနေနဲ့လဲ သားသမီးများရဲ့ စိတ်ဝင်စားတဲ့လမ်းကြောင်းကိုရွေးချယ်ရာတွင်ယုံကြည်မှုအပြည့်အဝနဲ့ အားပေးထောက်ခံဖို့ အကြံပြုချင်ပါတယ်။
နိဂုံးချုပ်အနေဖြင့် နိုင်ငံခြားမှာသင်ယူရရင်ပြီးရောဆိုပြီးတော့ ချက်ချင်းလောပြီးမဆုံးဖြတ်ပါနဲ့ ။အချိန်ယူပြီး သေချာလေ့လာလုပ်ပါ။ အပေါ်ကအချက်တွေကို ကိုယ့်ကိုပြန်မေးပါ။ ကိုယ့်ဘဝတည်ဆောက်မှုတိုင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ ကျောင်းသားများကို Safenetမှာ စေတနာဖြင့်အကြံပြုချင်ပါတယ်။
ဒီ Article လေးကိုဖတ်ပြီးလို့သဘောကျရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။ ဒါနဲ့… နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို #SafeNet ကိုမမေ့နဲ့နော်။



