1️ ကိုယ်သွားမယ့် မြို့အကြောင်းလေ့လာပါ။
ကိုယ်ကျောင်းသွားတက်မည့်မြို့အကြောင်းကို သေချာ Internet တွင် research လုပ်ပါ။ လေ့လာပါ။ ဥပမာ - နေရာရဲ့ culture ၊ ဘာ accent နဲ့စကားပြောကြလဲ၊ မြို့ကြီး နဲ့ကိုယ်နေမယ့်မြို့နဲ့ဘယ်လောက်ဝေးလဲ၊ နေ့စဉ် ကျောင်းနဲ့အိမ်နဲ့ သွားဖို့ ဘယ်လောက်ဝေးလဲ၊ part time လုပ်ချင်လျှင် အလွယ်တကူရနိုင်မလား၊ public transportation အသုံးပြုပုံ စသည်ဖြင့် ကြိုတင်ပြင်ဆင်လေ့လာပါ။ ကိုယ်က အချိန်ပေးပီး ပြင်ဆင်ထားသည့်အတွက် ဘယ်အရာမှ ဟိုရောက်လျှင် အစိမ်းကြီးဖြစ်မနေတော့ပါ။
2️ အသုံးစရိတ်ကို သေချာစီမံ ခန့်ခွဲထားပါ။
ကျောင်းသားအများစုသည် မိဘမှငွေကြေးအထောက်အပံ့ အတိုင်းအတာတစ်ခုဖြင့် သွားရောက်ပညာ သင်ကြားရမည်ဖြစ်သဖြင့် အသုံးစရိတ် အတွက် Budget Plan ချပီးသုံးစွဲရန် အလွန်အရေးကြီးပါသည်။ Budget plan ထဲတွင် ထည့်သွင်းစဉ်းစားသင့်မည့်အရာများ မှာနေစရိတ်၊ ရေဖိုး၊ မီးဖိုး၊ phone bill၊ အဝတ်အစားစရိတ်၊ အစားအသောက်စရိတ်၊ ကျောင်းအတွက် လိုအပ်ချက်များ၊ သွားလာစရိတ် (Transportation)၊ Entertainment စသည်ဖြင့် ကိုယ်ဘယ်လောက် သုံးမလဲသတ်မှတ်ပီး သေချာစီစဉ်ပါ။ ကိုယ့် budget အတိုင်းသုံးစွဲပါ။ ကိုယ်တိုင် Plan မဆွဲတတ်သူများအတွက် Youtube မှာ Budget Plan ဆိုပြီးရိုက်ရှာနိုင်ပါတယ်။
3️ အခြေခံမရှိမဖြစ်လိုအပ်သော အတတ်ပညာများ
ရန်ကုန်မှာ ဈေးသက်သက်သာသာနဲ့ အပြင်မှာ အမြဲဝယ်စားလို့ရပေမယ့် နိုင်ငံရပ်ခြားမှာ နေ့စဉ် အပြင်အစားအစာ ဝယ်စားရန် မလွယ်ကူပါ။ အမြဲဈေးကြီးပေးပီး နေ့စဉ်ဝယ်စားနိုင်တယ်ဆိုရင်တောင် ကိုယ့်စိတ်ကြိုက် ဗမာဟင်းတစ်ခွက် အလွယ်တကူ ဝယ်စားရန် အဆင်မပြေပါ။နောက်ပီး အပြင်အစားအစာသည် လွယ်ကူပေမယ့် ကျန်းမာရေးအတွက် ရေရှည် မသင့်တော်ပါ။ ဒါကြောင့် မသွားခင် ကိုယ်တိုင်ချက်တတ်ရန် မိဘထံမှ လေ့လာသင်ယူပါ။ ဖြစ်နိုင်လျှင် ကိုယ်ကြိုက်တဲ့ စားလေ့ရှိတဲ့ မြန်မာ အခြောက်အခြမ်းအစားအစာတွေ ယူလာပါ။
အဝတ်အစားလျှော်တာ အနည်းဆုံးတော့ စက်နဲ့တော့ထည့်လျှော်တတ်ပါစေ။ မိဘ အမြဲလုပ်ပေးနေသောကလေးများအတွက် အစစအရာရာ ကိုယ့်ကိုတာဝန်ယူပီးအားလုံး လုပ်ကိုင်နိုင်အောင် မသွားခင် အားလုံး အခြခံကျတဲ့အရာတွေကို လေ့လာသင့်ပါသည်။
4️ ကိုယ့်ရဲ့အိပ်မက်ရည်ရွယ်ချက်ကိုအသေးစိတ်ကို ချရေးပါ။ ️
နောက်ဆုံးအနေနဲ့ပြောချင်တာက ကိုယ့်ရဲ့အိမ်မက်တွေ ရည်ရွယ်ချက်တွေ မမေ့အောင် ဘာပြီးဘာလုပ်မယ်ဆိုတဲ့ plan ကိုအသေးစိတ် ချရေးထားပါ။ ကိုယ်နောက်ဆုံးမှာ ဘာဖြစ်ချင်တာလဲ achievement အနေနဲ့ဘာကိုရချင်တာလဲဆိုတာ အသေးစိတ်စဉ်းစားထားပါ။ ငွေရော၊ အချိန်ရော၊ အကုန်ခံပီး လာရတာဖြစ်တဲ့အပြင် နေရမယ့်မချိန်ကလည်း အကန့်အသတ်ရှိတာကြောင့် ကိုယ့်ရဲ့ရည်ရွယ်ချက်အားလုံး ကိုယ်ကိုတိုင် ရှင်းရှင်းလင်းလင်း ( crystal clear ) သိဖို့လိုအပ်ပါတယ်။ နိုင်ငံခြားထွက်ရရင် ပီးရောဆိုပီးစိတ်နဲ့မလာပါနဲ့။ ကိုယ့်အတွက် ရည်မှန်းချက် ပန်းတိုင်ကိုအောင်မြင်ဖို့ ရေတို ရေရှည် plan အမြဲရှိနေပါစေ။
ဒိတစ်ပတ်ရဲ့ Article လေးကတော့ ဒီလောက်ပါပဲ။



