UK Tier 4 student visa ကို Successful ဖြစ်ပြီ၊ ရပြီဆိုလျှင် အရင်ဆုံး Vignette (Sticker) (ပုံမှာပြထားတဲ့အတိုင်း) Passport မှာကပ်ပေးလိုက်ပါတယ်။ အဲဒါက UK Immigration အဝင်အတွက်သာဖြစ်ပါတယ်။ Sticker ရဲ့ခေါင်းစဉ်မှာလည်း Entry Clearance လို့ရေးထားပါတယ်။
Entry clearance sticker မှာ Valid until ဆိုပြီး ကုန်ဆုံးရက်ပါပါတယ်။
ကျောင်းသားများကိုအထင်မမှားစေချင်တာက “Valid until” ရက်စွဲကကျောင်းသား Visa ကုန်ဆုံးရက်မဟုတ်ပါဘူး။ Vignette (Sticker)ရဲ့ကုန်ဆုံးမယ့်ရက်ဖြစ်ပါတယ်။ ရက်(၉၀) ပေးလေ့ရှိပါတယ်။ ဆိုလိုတာက Sticker မှာပါတဲ့ “Valid from” ရက်စွဲကနေ “Valid Until” ရက်စွဲနေ့ အတွင်း UK ကိုထွက်ရပါမယ်။
UK ကိုရောက်ရင် Immigration အဝင်မှာ Officer ကိုVisa ရပြီးပြီဖြစ်ကြောင်းသက်သေအနေဖြင့် Vignette(Sticker)ကိုပြရပါမယ်။
Visit Visa ဆို အဲဒီ့ Sticker ကVisa လို့ပြောလို့ရပါတယ်။ ကျောင်းသား Visa က အဲဒီ့ Sticker က Visa မဟုတ်ပါဘူး။ UK မှာ (၆) လအထက်နေထိုင်မယ့်သူကို UK က BRP (Biometric Permit Residence) card ကိုထုတ်ပေးပါတယ်။ BRP cardကသာ ကျောင်းသားအတွက် “Right to study” UK မှာကျောင်းတတ်ခွင့် (သို့) Identity card ပါ။ UKရောက်ရောက်ချင်း BRP Card ကိုကျောင်းမှာ (သို့) သက်ဆိုင်ရာနေရာမှာထုတ်ယူရပါမယ်။
‼️BRP card ထဲမှာပါတဲ့ “Valid Until “ ရက်စွဲမှသာလျှင် ကျောင်းသားရဲ့UK မှာနေထိုင်ခွင့်ကုန်ဆုံးမယ့်ရက်ဖြစ်ပါတယ်။‼️
BRP card ကနေထိုင်ခွင့် card ဖြစ်တဲ့အတွက်အရေးကြီးလို့ ကျောင်းသားများ မပျောက်ပြက်အောင် အထူးဂရုပြုပါ။
ဒီ SafeNet ရဲ့Article ကိုဖတ်ပြီး ကျောင်းသားများ Vignette (Sticker) နှင့် BRP ကွဲပြားချက်ကိုသိနိုင်ပါစေလို့ မျှော်လင့်ပါတယ်။



