စားစရိတ် Food Expense နဲ့ပက်သက်ပြီး ကျောင်းသားများ UKမလာခင် ကြိုသိအောင် ဗဟုသုတ အနေနဲ့ အသေးစိတ်ကုန်ကျနိုင်တာကို ဈေးနှုန်းနဲ့တကွတွဲပြီးမျှဝေပေးလိုက်ပါတယ်။
နေတဲ့မြို့ပေါ်မှာမူတည်ပြီး စားစရိတ်ကအနည်းနှင့် အများတော့ကွာခြားနိုင်ပါတယ်။ အထူးသဖြင့် Londonလိုမြို့မှာဆိုရင် တခြားမြို့တွေထက် ပိုပြီးတော့ကုန်ကျနိုင်ပါတယ်။ ဖော်ပြထားသော ကုန်ကျစရိတ်အားလုံးကတစ်ယောက်စာအတွက်သာဖြစ်သည်။
Grocery Shopping
Supermarket မှာစျေးဝယ်မယ်ဆိုရင် လက်ရှိ တစ်လကို စတာလင်ပေါင် £ 150 ကနေ £ 200 လောက်ကျနိုင်ပါတယ်။ တစ်နှစ်ဆို အများဆုံး £3000။ဒါက အပြင်မှာစားတဲ့စရိတ် မပါသေးဘူး။ နောက်ပြီး သွားဝယ်တဲ့ ဆိုင်ပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ M&S တို့ Waitrose တို့လိုစျေးကြီးပြီး Qualityကောင်းတယ့် ဆိုင်တွေက အမြဲဝယ်စားရင်တော့ ဒီထက်နည်းနည်းပိုကုန်ကျနိုင်ပါတယ်။
UK ကSupermarketတွေအားလုံးကိုစျေးအမြင့်ဆုံးကနေစပြီးအသက်သာဆုံး အစဉ်အလိုက်အောက်မှာဖော်ပြပေးလိုက်ပါတယ်။ မြ်ို့တိုင်းမှာဆိုင်ခွဲတွေရှိတတ်ပါတယ်။
Waitrose ( စျေးအကြီးဆုံး Quality အကောင်းဆုံး)
Marks & Spencer
Sainsbury’s
Tesc
Morrison
Lidl , Aldi (စျေးအသက်သာဆုံး)
Oriental Asian Supermarket တွေလည်းမြို့တော်တော်များများမှာရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့UKက Supermarket တွေမှာမရနိုင်တဲ့အစားအစာတွေကိုဝယ်လို့ရပါတယ်။
️ Eating Out
Restaurant မှာစားမယ်ဆိုရင် တစ်ခါစားစရိတ် တစ်ယောက်စာအတွက်ဆို £10 ကနေ £30 ဝန်းကျင်အတွင်းကျနိုင်ပါတယ်။ ဒါပျမ်းမျှကုန်ကျစရိတ်ဖြစ်ပါတယ်။ Fine Dinning လိုဆိုင်မျိူးတွေမှာသွားစားရင်တော့ £50 ကနေ £100 ကျော်ထိကျနိုင်ပါတယ်။
Take Away Delivery လည်းအတူတူပါ။ တစ်ခါ ဝယ်စားရင် £10 ကနေ £30 ဝန်းကျင်အတွင်း ကျနိုင်ပါတယ်။ နေ့တိုင်းသာဝယ်စားမယ်ဆိုရင် တစ်ပတ်ကို £210 ( £30 * 7 days) ကျနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသားများကို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ပိုက်ဆံလည်းပိုပြီးစုမိအောင် ကိုယ့်ကိုယ်ချက်စားပါလို့ SafeNet မှအကြံပြုချင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ချက်တာ ငြီးငွေ့လာရင်အပြင်မှာဝယ်စားပေါ့။
မုန့်ဆိုင်၊ ကော်ဖီဆိုင် Starbucks တို့မှာထိုင်သောက်ရင် Coffee တစ်ခွက်ကို £3 - £5 ကျနိုင်ပါတယ်။ မုန့်ပါရင်တော့ အားလုံးပေါင်း £10 လောက်ကျနိုင်ပါတယ်။ ခဏခဏအပြင်မှာ Coffeeသောက်ဖြစ်ရင်တော့ အသုံးစရိတ်ပိုလာနိုင်တာပေါ့နော်။ နောက်ပြီး လူငယ်တွေတော်တော်များများသောက်လေ့ရှိတဲ့
Boba Tea or Bubble Tea ကUK မှာတစ်ခွက်ကို £4 - £5 ကြားရှိပါတယ်။
နိဂုံးချုပ်အနေဖြင့် ကျောင်းသားများကို SafeNetမှ အကြံပြုချင်တာက ကိုယ့်ရဲ့တစ်လစားစရိတ် ကို Budget လုပ်ထားပြီး တစ်လတစ်လ ကိုယ်ဘယ်လောက်သုံးမိလဲဆိုတာအမြဲသိဖို့အရေးကြီးပါတယ်။ ဒါမှနောက်လတွေမှာ ကိုယ်ဘယ်နေရာမှာပိုသုံးမိပြီး ဘယ်နေရာကိုချွေတာလို့ရမယ်ဆိုတာသိနိုင်မယ်။
ဒီ Article လေးကိုဖတ်ပြီးလို့သဘောကျရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
ဒါနဲ့… နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို #SafeNet ကိုမမေ့နဲ့နော်။



