Let us be part of your journey to successsafeneteducation@gmail.com
Back to all articles

UK မှာ ကျောင်းသားတွေ Bank account ဘယ်လိုဖွင့်မလဲ?

January 19, 2026
2 min read
UK မှာ ကျောင်းသားတွေ Bank account ဘယ်လိုဖွင့်မလဲ?

ဒီ Articleက ကျောင်းသား၊ ကျောင်းသူတွေ (International student) တွေအတွက်သာသီးသန့် ဖြစ်ပါတယ်။

UK မှာ ရှိတဲ့Bank အမျိုးအစား

UK မှာ High Street bank နှင့် Digital Bank ဆိုပြီးနှစ်မျိုးရှိပါတယ်။

ကွာခြားချက်က High Street Bank တွေက မြို့တစ်မြို့ရဲ့ အချက်ချာကျတဲ့နေရာတွေမှာ ဘဏ်ခွဲအဆောက်အအုံ (Branch) တွေရှိတယ်။ ဘဏ်ခွဲကို လူကိုယ်တိုင်သွားပြီး ဖွင့်လို့ရတယ်။

Digital Banking ကတော့ ဘဏ်ခွဲအဆောက်အအုံ အပြင်မှာမရှိဘူး။ Mobile App ကနေပဲ အကောင့်ဖွင့်လို့ရတယ်။ Bankကနေလိုအပ်တဲ့အကူအညီကို ဖုန်း၊ အီးမေးလ်၊ Online Chat ကနေတဆင့် ကူည်ီပေးတယ်။

ကျောင်းသားများကို Bank နှစ်မျိုးလုံးဖွင့်ထားဖို့ အကြံပြုချင်တယ်။ အကြောင်းက စစချင်းဆိုတော့ High Street Banking ကအကောင့်ဖွင့်ဖို့ကြာနေရင် Digital Banking ကအကောင့်ရဖို့ပိုမြန်တတ်တယ်။ နောက်ပြီး မတော်တဆ အရေးပေါ် အခြေအနေ Bank ကဒ်ပျောက်သွားတာပဲဖြစ်ဖြစ်၊ အကောင့် ပိတ်ခံရတာဖြစ်ဖြစ် နောက်Bank account တစ်ခုအလွယ်တကူ အသုံးပြုနိုင်တာပေါ့။

Bank Account ဖွင့်ရန် လိုအပ်သော စာရွက်စာတမ်း အဓိက (၃)မျိူး

(၁) ID Proof - Passport သို့ BRP ကဒ် (Biometric Residence Permit)

(၂) ကျောင်းသားဖြစ်ကြောင်း အတည်ပြုမည့်စာရွက် ။ ဥပမာ လက်ရှိသင်ကြားမည့်ကျောင်းကထုတ်ပေးထားသည့် ကိုယ့်နာမည်နှင့် သင်ကြားမည့် ဘာသာ စသည့် အချက်အလက်ပါဝင်ထားသောOffer letter။

(၃) UK နေရပ်လိပ်စာကို အတည်ပြုနိုင်မည့်စာရွက်။ ဥပမာ ကျောင်းအဆောင်စာချုပ်၊ အဆောင်နှင့်ပက်သက်သော Bills စာရွက် (စာရွက်စာတမ်းမှာ နေရပ်လိပ်စာ နှင့်ကိုယ့်နာမည်ပါရမည်)။

Bank ပေါ်မှာမူတည်ပြီးတော့ စာရွက်စာတမ်း(၃)မျိုးလုံး လိုချင်မှလိုမည်။ (၁) ID proof နှင့် (၂)ကျောင်းရဲ့Offer letter ကတော့ Bank တိုင်းမှာတောင်းဆိုမှာပါ။

High street Bank တွေက Bank ရဲ့Website တွေကနေလည်းလျှောက်ထားလို့ရသလို Branch ကိုသွားပြီးတော့လည်းလူကိုယ်တိုင်လျှောက်ထားလို့ရပါတယ်။ Bank Website မှာကိုယ့်ရဲ့အချက်အလက်အသေးစိတ်ဖြည့်ပြီးစာရွက်စာတမ်း Original တွေကို Branch မှာသွားပြရတာများပြီး တစ်ချို့Bank တွေကလည်း စာရွက်စာတမ်းကို Online ကနေ ပေးပို့ Submit လုပ်တာနဲ့ အဆင်ပြေပါတယ်။

Digital Banking တွေကတော့ Bank ရဲ့ Mobile App ကိုဖုန်းမှာ Download လုပ်ပြီး Instructions တိုင်း အဆင့်ဆင့်လုပ်ဆောင်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို App ကနေ ပေးပို့ (Submit ) လုပ်ရုံပါပဲ။ စာရွက်စာတမ်းတောင်းဆိုသမျှ ပြနိုင်ရင် High Street ဘဏ်ထက် Digital Bankတွေက (၃)ရက်လောက်နေတာနဲ့ မြန်မြန် Account ရပြီး Bank Card အိမ်ကိုပို့ပေးပါတယ်။ ငွေပေးသွင်းရမည့် နေရာနှင့် နည်းလမ်းကိုလည်း ကိုယ်ရွေးချယ်တဲ့ Bankရဲ့ App သေချာဖော်ပြထားပါတယ်။

သုံးရတာအဆင်ပြေတဲ့ Bank တွေကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။ ဒီ Article ရဲ့ ပုံမှာလည်း App download လုပ်ရင် သိရအောင် Logos တွေကိုဖော်ပြပေးလိုက်ပါတယ်။

Digital Banking

Chase ( လက်တလော ပေးနေတဲ့ Offerက သုံးတဲ့ transactionတိုင်းကို 1% cash ပြန်ရပါတယ်။ )

Starling Bank

Monzo Bank

High Street Banking

HSBC UK

Lloyds Bank

Barclays

Nationwide

NatWest

️သတိပြုရမည့်အချက်

(၁)Bank ကိုမသွားခင် စာရွက်စာတမ်း စုံလင်စွာရှိပါစေ။ မစုံရင်တော့ အကောင့်ရဖို့ ကျန့်ကြာနေတတ်ပါတယ်။

(၂) No monthly Fee Account ဖြစ်ပါစေ။ ဝန်ဆောင်မှုပေါ်တည်ပြီး တစ်ချို့ အကောင့်တွေလစဉ် fees ပေးရတာရှိပါတယ်။ ကျောင်းသားတွေအတွက် မလိုအပ်တာများပါတယ်။ တကယ်လို့ ကိုယ်လိုအပ်မယ်ဆိုရင်လည်း ဘာဝန်ဆောင်မူတွေ ပါလဲ သေချာသိပါစေ။ အလွယ်တကူ Yes မပြောမိပါစေနှင့်။ သေချာ သူတို့ရှင်းပြတာကိုနားလည်မလည် အထက်ထက်ခါခါမေးပြီးသိမှ ဆုံးဖြတ်ပါ။

(၃) ငွေကို Branch မှာပေးသွင်းရင် ပေးသွင်းတဲ့ ဖြတ်ပိုင်း (Receipt) တောင်းပါ။

ဒီ Article လေးကိုဖတ်ပြီးလို့သဘောကျရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။

ဒါနဲ့… နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို #SafeNet ကိုမမေ့နဲ့နော်။

Share this article

Ready to Start Your Study Abroad Journey?

Get expert guidance from our consultants and take the first step towards your international education dreams.