Let us be part of your journey to successsafeneteducation@gmail.com
Back to all articles

UK Airport ကနေ ကိုယ်တည်းမယ့်နေရာကို ဘယ်လိုသွားမလဲ ?

January 19, 2026
2 min read
UK Airport ကနေ ကိုယ်တည်းမယ့်နေရာကို ဘယ်လိုသွားမလဲ ?

ကျောင်းသားများ UK ကိုသွားဖို့ လေယာဉ်လက်မှတ်ဝယ်ပြီးရင် နောက်တစ်ခုကြို စီစဉ်သင့်တဲ့အရာက Airportကနေ ကိုယ်တည်းမယ့်နေရာကို ဘယ်လိုသွားရမလဲဆိုတာပါ။

ကိုယ်ရဲ့Budget၊ အကွာအဝေး ပေါ်မူတည်ပြီး ဘယ်လိုသွားလို့ရမလဲဆိုတာ စီစဉ်နိုင်အောင် ဖော်ပြပေးထားပါတယ်။

အရင်ဆုံး သိရမှာက Airportကနေ ကိုယ်သွားမယ့်နေရာကို ဘယ်လောက်ဝေးလဲ

နောက်အရေးကြီးဆုံးက ကိုယ့်လေယာဉ်က ဘယ်အချိန် ဆိုက်မှာလဲ။ အရမ်းမိုးချုပ်ရင် ကိုယ်တည်းမယ့်နေရာကို ခရီးဆက်သွားဖို့ အချိန်ချန်ရဦးမယ်ဆိုတာ သတိပြုစေချင်တယ်။ ဒါကြောင့် မနက် သို့ နေ့လည်ဆိုက်မယ့် လေယာဉ်ကို ရွေးဝယ်ပါ။

တကယ်လို့သွားမယ့်နေရာက London တွင်း (သို့) ၁နာရီ ၊ ၂ နာရီ လောက်ပဲဝေးတဲ့ခရီးဆိုရင် Taxi စီးရတာပိုအဆင်ပြေပါတယ်။ public transport ထက်တော့ ဈေးကြီးပေမယ့် Luggage တွေများတယ်ဆိုရင်တော့ bus တို့ ရထားတို့စီးတာထက်စာရင်တော့ ပိုပြီး လူကိုသက်သာစေပြီး အဆင်ပြေစေပါတယ်။Taxi Booking လုပ်ချင်ရင်တော့ Safenet ကို ဆက်သွယ်လိုက်ပါနော်။ အစစအရာအရာ ကူညီပေးပါ့မယ်။

သွားရမယ့်အကွာအဝေး က၃ ၊၄နာရီကျော်လောက်ဝေးတယ်ဆိုရင် Taxi စီးဖို့ အရမ်းကုန်ကြနိုင်ပါတယ်။ ဒါကြောင့် သက်သာချင်တယ်ဆိုရင်တော့ public transport တွေဖြစ်တဲ့ National Express Coach (သို့) National Rail နဲ့သွားဖို့ အကြံပေးချင်ပါတယ်။

Public transport နဲ့သွားမယ်ဆိုရင် အောက်မှာပါတဲ့ Link ထဲမှာ အရင် Journey planner လုပ်ပါ။

https://www.heathrow.com/.../getting-to.../journey-planner

To ဆိုတဲ့နေရာမှာ သွားချင်တဲ့လိပ်စာရဲ့ post code (ဥပမာ - GL20 5PQ ) ကိုရိုက်ထည့်ပြီး ရှာကြည့်ပါ။ post code က UK address တိုင်းရဲ့နောက်ဆုံးလိုင်းပါ။ From နေရာမှာတော့ ဆိုက်မယ့် Airport Arrival Terminal ပေါ့။ ဥပမာ Heathrow Terminal 5 ။ပြီးရင် public transport option လေးကိုနှိပ်ရင် ခရီး အစအဆုံး ဘယ်လိုသွားလို့ရတယ်ဆိုတာ ကျလာပါလိမ့်မယ်။

တခြားနယ်မြို့တွေကိုထွက်မယ့် ရထားတွေကိုစီးဖို့ Heathrow Airport ကနေ Heathrow Express ရထား နဲ့ Elizabeth line ရထားတွေရှိပါတယ်။ အောက်က link မှာအသေးစိတ် ကြည့်လို့ရပါတယ်။ Tickets တွေကို online မှာ (သို့) Arrivals မှာဝယ်လို့ရပါတယ်။

https://www.heathrow.com/transport-and.../by-rail-or-train

Train စီးရင် သတိပြုရမ ယ့်အချက်

ကိုယ်စစီးမယ့်ရထားက ကိုယ်သွားမယ့် နေရာရောက်တယ်ဆိုတာ သေချာပါစေနော်။ မှားစီးသွားရင် အချိန်ပိုကြာပြီး လူပင်ပန်းတတ်ပါတယ်။

နောက်ဆုံးဆိုက်ရောက်မယ့် train station ကနေ ကိုယ်တည်းမယ့်နေရာဘယ်လောက်ဝေးလဲဆိုတာလဲ ကြိုသိပါစေ။ အရမ်း ဝေးရင် luggage တွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ ဝေးတယ်ဆိုရင် Local Taxi ပြန်ဌားချင်ဌားရမယ်။ ကိုယ်ကိုတိုင်လဲ မသွားခင် internet မှာ သေချာ research လုပ်ပြီး ကြိုတင်ပြင်ဆင်ပါ။

National Express Coach

တကယ်လို့ journey က ၃၊ ၄နာရီ ကြာမယ်၊ Taxi ခကိုလဲ ချွေတာချင်တယ်ဆိုရင် နောက်တစ်မျိုးက National Express Coach စီးလို့ရပါတယ်။ Airport ကနေ တန်းစီးရုံပါပဲ။ online မှာ ticket ကြိုဝယ်လို့ရသလို Arrival Airport မှာလဲဝယ်လို့ရပါတယ်။ အောက်က link မှာကြိုဝယ်လို့ရပါတယ်။

https://www.nationalexpress.com/en

Luggage တွေအကုန်ထုတ်ပြီးလို့ Coach Station ကိုသွားမယ်ဆိုရင် direction မှာ national bus ဆိုတဲ့အတိုင်း sign တွေကို follow လုပ်သွားပါ။ မသိရင် လေဆိပ်မှာ အလုပ်လုပ်တဲ့လူတွေကိုမေးပါ။ 'ပါးစပ်ပါ ရွာရောက်' ဆိုတဲ့စကားရှိသလို ကိုယ်မသေချာရင် မေးပါနော်။

Coach စီးရင် သတိပြုရန်

National express coach station က အချိန်အတိအကျ ထွက်တဲ့အတွက် ဝယ်ထားတဲ့အချိန်မစီးနိုင်ရင် လက်မှတ်ဆုံးတတ်ပါတယ်။ ဒါကြောင့် လက်မှတ်ကြိုဝယ်ထားရင် ဝယ်မယ့်အချိန်ကိုတော့ လေယာဉ်ဆိုက်မယ့် အချိန်နဲ့ အများဆုံး နှစ်နာရီခြားပြီး ဝယ်ပါ။ လေယာဉ်ဆိုက်မယ့်အချိန်ပေါ်မူတည်ပြီး immigration မှာလူများတတ်ပါတယ်။

ကိုယ်တည်းမယ့်နေရာနဲ့ Coach ဆိုက်ရောက်မယ့်နေရာ ဘယ်လောက်အကွာအဝေးရှိလဲဆိုတာ ကြိုသိပါစေ။ အရမ်း ဝေးရင် luggage တွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ ဝေးတယ်ဆိုရင် Local Taxi ပြန်ဌားချင်ဌားရမယ်။ ကိုယ်ကိုတိုင်လဲ မသွားခင် internet မှာ သေချာ research လုပ်ပြီး ကြိုတင်ပြင်ဆင်ပါ။

အစစအရာရာအာလုံးအဆင်ပြေချောမွေ့တဲ့ ခရီးလမ်းဖြစ်ပါစေလို့ Safenet Team မှဆုတောင်းပေးလိုက်ပါတယ်။

Share this article

Ready to Start Your Study Abroad Journey?

Get expert guidance from our consultants and take the first step towards your international education dreams.