US မှာ ကျောင်းသွားတက်တဲ့ကျောင်းသားကျောင်းသူအများစုဟာ ကျောင်းပြီးသွားတယ်ဆိုရင် အလုပ်လုပ်ဖို့ visa လိုအပ်လာမှာဖြစ်ပါတယ်။
F-1 Visa ဟာကျောင်းပြီးတာနဲ့အမျှ expire ဖြစ်သွားတဲ့အတွက်ကြောင့် full time အလုပ်လုပ်နိုင်ရန် Visa ၄ မျိုးရှိပါတယ် -
1. OPT Visa ( Optional Practical Training Extension ) (သို့) STEM နှင့်ပတ်သက်သော ဘာသာရပ်ဆိုရင်တော့ STEM OPT Visa ( STEM Optional Practical Training Extension )
2. H-1B Non-Immigrant Visa
3. B-1/B-2 Visa
ဒါကြောင့် ကျောင်းပြီတာနဲ့ OPT Visa or STEM OPT Visa ရတာနဲ့ US မှာ legally အလုပ်လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။
OPT Visa
OPT Visa ဟာ ကိုယ်ကျောင်းပြီးထားတဲ့ ဘာသာရပ်နဲ့ပတ်တက်သောအလုပ်ကိုသာလုပ်လို့ရမှာဖြစ်ပါတယ်
တစ်ပတ်က်ို နာရီ ၄၀ လုပ်လို့ရပါတယ်
ကျောင်းမပြီးခင်လည်း OPT Visa ကို လျှောက်ထားနိုင်ပါတယ်။
OPT Visa ကိုရရှိခဲ့လျှင် ၁၂ လ (၁နှစ်) အထိနေခွင့်ရပါတယ်။
အကယ်၍ OPT Visa ကို Degree Session မှာသုံးမိခဲ့လျှင်အလုပ်လျှောက်တဲ့ အချိန် သို့မဟုတ် Intern ဆင်းတဲ့အချိန်မှာအကျူံ၀င်တော့မှာမဟုတ်ပါ။
STEM OPT Visa
STEM ကိုလျှောက်ဖို့အောက်မှာဖော်ပြထားတဲ့ ဘာသာရပ်တွေကို ပြီးမြောက်ရမှာဖြစ်ပါတယ် -
Actuarial sciences
Computer science applications
Engineering
Engineering technologies
Life sciences
Mathematics
Military technologies
Physical sciences
STEM Visa ကိုရရှိပါက ၂၄ လ (၂နှစ်) အထိနေလို့ရမှာဖြစ်ပါတယ်
တစ်ပတ်ကိုတော့ အပေါ်က OPT visa လိုဘဲနာရီ ၄၀ လုပ်လို့ရပါတယ်
H-1B Visa
H-1B Visa ဟာကိုယ့်ရဲ့ အလုပ်ရှင်ဟာ Permanent အဖြစ်ခန့်လိုက်တဲ့အချိန် သို့မဟုတ် Criteria နဲ့ကိုက်ညီလျှင် H-1B Visa ကို request နိုင်ပါတယ်
H-1B Visa ကိုရရှိခဲ့လျှင် ၃ နှစ် အထိနေခွင့်ရပါတယ်။
B-1/B-2 Visa
B-1/B-2 Visa ဟာ Temporary Visa ဖြစ်ပြီး အလုပ်နှင့်နဲ့ tourism အတွက်သုံးဖို့ဖြစ်ပါတယ်
B-1/B-2 Visa ကို H-1B Visa & Green Card ကိုလျှောက်မရတဲ့အချိန်မှာ လျှောက်ရမှာ visa ဘဲဖြစ်ပြီ ရက် ၁၈၀ ခံပါတယ်ခင်ဗျာ။
B-1/B-2 Visa ကိုမှာတစ်ဆင့် Green Card ကိုလည်းဆက်လက်ပြီးလျှောက်ထားနိုင်ပါတယ်။



