ကျောင်းသားများ ကျောင်းတက်ရင်း
အချိန်ပိုင်းအလုပ်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိရုံသာမက၊ လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်း၊ အလုပ်အတွေ့အကြုံသစ်များရရှိခြင်း၊ အတတ်ပညာသစ်များလေ့လာရခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။
အချိန်ပိုင်း (part-time) အလုပ်ရှာမယ်ဆို အရင်ဆုံးစဉ်းစားသင့်တာက…
ဘယ်လိုအလုပ်မျိုးကိုရှာမှာလဲ
ကိုယ့်ကိုကိုယ် အတွေ့အကြုံမရှိဘူးဆိုပြီး ရရင်ရတဲ့ အလုပ်ကိုမလုပ်ပါနဲ့။ အလုပ်ရှာတဲ့အခါ အဓိက စိတ်ထဲမှာထည့်ထားရမှာက ကိုယ့်အရည်အချင်းကိုလျှော့မတွက်ဘဲ ကိုယ့်က်ိုယ်ကိုယုံကြည်မှုအပြည့်အဝရှိခြင်းပါ။
ဒါကြောင့် စလျှောက်ကတည်းက အရမ်းလူပင်ပန်းစေတဲ့၊ ပြေးပြေးလွှားလွှား လုပ်ရတဲ့အလုပ်မျိုး ကိုဦးစားပေးပြီးမလျှောက်ပါနဲ့။ ဥပမာ - စားသောက်ဆိုင်မှာ လုပ်ရတဲ့အလုပ်မျိုးတွေ၊ fast-food ဆိုင်မှာ လုပ်တဲ့အလုပ်မျိုးတွေ၊ သန့်ရှင်းရေး၊ ပန်းကန်ဆေး၊ Bar မှာလုပ်ရမယ့်အလုပ်တွေ စသည်ဖြင့် အလုပ်များကို နောက်ဆုံးမှထားပြီး လျှောက်ပါ။
လူအရမ်းပင်ပန်းလျှင် ကျောင်းစာကို သေချာမလုပ်နိုင်ဘဲ ဖြစ်တတ်ပါတယ်။ ကျောင်းတက်တုန်း စာသေချာလေ့လာနိုင်ဖို့ကသာ အဓိကပါ။ အဓိကနဲ့ သာမညကို ကျောင်းသားများအမြဲခွဲခြားသိပါစေ။
လူကိုမပင်ပန်းစေတဲ့ ရုံးခန်းနှင့်သက်ဆိုင်သော Administrative job၊ Data Entry၊ အင်္ကျီဆိုင်မှာ sales assistant စတဲ့ သက်သာတဲ့အလုပ်များကိုသာ ဦးစားပေးလျှောက်ပါ။
ရုံးထိုင်အလုပ် (Office Job) တွေရှာဖို့ တိုက်တွန်းရတဲ့ ရည်ရွယ်ချက်က အကယ်၍ ကုမ္ပဏီကောင်းတစ်ခုမှာသာအချိန်ပိုင်းအလုပ်ရခဲ့ရင် ကျောင်းအပြီး Professional အလုပ်လျှောက်တဲ့အခါ ကိုယ့် CV မှာ အတွေ့အကြုံကောင်းတစ်ခုအနေနဲ့ ထည့်လို့ရပါတယ်။
အချိန်အကြာကြီး ခရီးသွားလာရမည့်အလုပ်မျိုးကိုလဲ မလျှောက်ပါနဲ့။ အိမ်နဲ့ သိပ်မဝေးတဲ့အလုပ်တွေကိုဦးစားပေးရှာပါ။ အချိန်က တန်ဖိုးရှိပါတယ်။ ကျောင်းစာသေချာလေ့လာနိုင်အောင် အချိန်ချန်ထားရမှာပါ။
CV ကို သေချာပြင်ဆင်ပါ။
Online မှာ နမူနာ ယူသုံးလို့ရတဲ့ပုံစံမျိုးစုံရှိပါတယ်။ ကိုယ်လျှောက်မယ့် position ပေါ်မှာမူတည်ပြီး CV ထဲမှာအတွေ့အကြုံထည့်ပါ။ အရမ်းအရေးကြီးပါတယ်။ ဘာအတွေ့အကြုံမှ မရှိဘူးဆိုပြီး ဘာမှမထည့်ဘူးဆိုရင် အလုပ်မရဖို့က သေချာသလောက်ရှိပါတယ်။ ဥပမာ - ရန်ကုန်မှာလုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေထဲက ကိုယ်လျှောက်မယ့် position နဲ့သက်ဆိုင်တဲ့အတွေ့အကြုံလေးထည့်ပါ။ 'မုသားမပါ လင်္ကာမချော' ဆိုသလို ရန်ကုန်မှာလုပ်ခဲ့တဲ့ အတွေ့အကြုံဆိုပြီး CV မှာ ဖေါ်ပြပါ။
Online မှာလျှောက်ရန် အကြံပေးချက်
Online ကတော့ [ ဥပမာ - google မှာ 'Data Entry job near me' ] ဆိုပြီးရိုက်ထည့်ပြီး ရှာပါ။ အနီးနား vacancies တွေထွက်လာပါလိမ့်မယ်။ တစ်ချို့ position တွေက CV ကို online ကနေ upload လုပ်ရုံပါပဲ။ Office နဲ့ဆိုင်တဲ့အလုပ်တော်တော်များများက အလုပ် Agencies တွေနဲ့ ချိတ်ဆက်ထားတာများပါတယ်။
ဒါကြောင့် Agencies တွေကို ဖုန်းဆက်ပြီး စုံစမ်းပါ။ ကိုယ်လုပ်နိုင်တဲ့အလုပ်တွေ ကိုယ့်အတွေ့အကြုံတွေကို ဖုန်းဆက်ပြီးပြောပြပါ။ သူတို့ရုံးခန်းကို သွားပြီးလျှောက်လွှာတင်ခိုင်းရင် သွားသာတင်ပါ။ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်တွေ့ရင် ပြန်ဆက်သွယ်လာပါလိမ့်မယ်။ ကုမ္ပဏီကနေတိုက်ရိုက်တင်ရတဲ့အလုပ်တွေလဲရှိတတ်ပါတယ်။ vacancy ကြေငြာထဲမှာ ပေးထားတဲ့ဆက်သွယ်ရမယ့် ဖုန်းကိုဆက်ပြီး ဘယ်လိုဆက်လျှောက်ရမလဲဆိုတာ စုံစမ်းပါ။Offline အပြင်မှာ ဘယ်လိုလျှောက်မလဲ
အပြင်မှာလျှောက်ဖို့အတွက် CV ကိုများများ print ထုတ်သွားပါ။ ဆိုင်တွေများတဲ့မြို့ထဲကိုသွားပြီး ကိုယ်လုပ်ချင်တဲ့ဆိုင်လေးတွေ တွေ့ရင် ရဲရဲဝင်မေးပါ။ တစ်ခါတစ်လေ ဆိုင်တံခါးဝမှာ part-time လိုတယ်လို့ ကြေငြာထားတတ်ပါတယ်။
ဆိုင်မှာ ဝင်မေးတဲ့အခါကြရင်လဲ “Manager နဲ့စကားပြောချင်လို့ပါ” လို့ချိုချိုသာသာပြောပြီး တွေ့ခွင့်တောင်းပါ။ Manager နဲ့တွေ့မှသာ “ကျွန်တော်/ကျွန်မ အလုပ်ရှာနေပါတယ်။ အလုပ် vacancies များရှိမလား? ဒီမှာတော့ ကျွန်တော်/ကျွန်မ CV ပါ” စသည်ဖြင့်တစ်ခါတည်းပေးပြီးမေးမြန်းပါ။ တစ်ခါတစ်လေ ကံကောင်းရင် manager က interview အတွက် ဘယ်နေ့လာခဲ့ပါဆိုပြီးပြောတတ်ပါတယ်။
ဒီလိုအလုပ်ရှာပြီဆို နည်းမျိုးစုံနဲ့ ကိုယ်လိုချင်တာကို မရမချင်းကြိုးစားပြီး ရှာရပါတယ်။ ကိုယ်အားရင်အားသလို ကြိုးစားရှာကြည့်ပါ။ ကိုယ်နေတဲ့မြို့ပေါ် မူတည်ပြီးတော့လဲ အလုပ်ရဖို့ကအချိန်ကြာတတ်ပါတယ်။ ဇွဲမလျှော့ပါနဲ့။ ဒီလို ကြိုးစားမှုဟာလဲ ကိုယ့်အရည်အချင်းကို တိုးတက်လာစေပါတယ်။ ကိုယ်ကျောင်းပြီးတဲ့အချိန် professional အလုပ်လုပ်ရင်လဲ ဒီအရည်ချင်းတွေက ကိုယ့်အတွက် အသုံးဝင်လာပါလိမ့်မယ်။ ဘာအလုပ်လျှောက်လျှောက် အောင်မြင်မှုရပါစေလို့ SafeNet မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဒီ Article လေးကိုသဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို တိုင်ပင်ဆွေးနွေးဖို့ SafeNet ရှိတယ်ဆိုတာမမေ့နဲ့နော်။ နောက်အပတ်တွေမှာလဲ ဒီလို အကျိုးရှိတဲ့ Article လေးတွေကိုတင်ပေးသွားမှာဖြစ်လို့ SafeNet Page လေးကို Like & Follow လုပ်ထားပေးပါဦး။



