ဒီစာလေးကို ဖတ်ပြီး ဆုံးဖြတ်ပါ။
စာရေးသူ UK ကိုစရောက်ပြီး ကျောင်းတတ်တဲ့အချိန်က အသက်(၂၀) ကပါ။
နိုင်ငံခြားကို ငယ်ရွယ်တဲ့အချိန်မှာ ထွက်ခဲ့တာဘဝမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲက မှန်ကုန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ခရီးတစ်ခုကိုသွားသလိုပဲ။စောစောသွားရင် စောစောရောက်သလို ကိုယ်ံ့ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ဖို့အတွက် စောစောစီးစီးကြိုးစားရုန်းကန်ရမယ်ဆိုတာအမှန်ပါပဲ။
မိဘအရိပ်အောက်ကထွက်ပြီး တစ်ယောက်တည်းပညာသင်ကြားဖို့ထွက်လာရတာ လွယ်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် ငယ်ရွယ်တဲ့အချိန်မှာ အနစ်နာခံထားတာတွေ၊ ကြိုးစားထားတာတွေအားလုံး တစ်ချိန်မှာ အသေအချာ အကျိူးအမြတ်တွေပြန်ခံစားရလိမ့်မယ်။ တစ်ယောက်ထဲနေတဲ့အခါ အစစအရာရာအားလုံး ကိုယ့်ကိုကိုယ် တာဝန်ယူရတဲ့အတွက် လူကိုပိုပြီးတိုးတတ်စေပါတယ်။
အရာရာကို ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူက ပိုပြီးတိုးတတ်အောင်မြင်ဖို့သေချာလေပဲ။ ငယ်ရွယ်တဲ့အချိန်မှာ အချိန်ကုန်မခံပဲ ကိုယ်လေ့လာချင်တာ ကိုယ်စိတ်ဝင်စားတာကို ကြိုးစားလေ့လာပါ။ နိုင်ငံခြားအတွေ့အကြုံယူပါ။အလုပ်အတွေ့အကြုံကို မြန်မြန်ရအောင် လုပ်ပါ။ ဘဝမှာ အလုပ်အတွေ့အကြုံများတဲ့လူက ဆရာပါပဲ။
နိုင်ငံခြားမှာပညာသင်ဖို့ရေရည်နေထိုင်တဲ့သူတွေဟာ အမြင်ကိုပိုပြီးကျယ်စေပါတယ်။သူများနိုင်ငံနဲ့ ကိုယ့်နိုင်ငံ မတူတဲ့အရာတွေ လေ့လာလို့ရတယ်။ တစ်ချိန်ကျရင် ပညာသင်ပြီး ကိုယ့်စီးပွါးရေးလုပ်မယ်ဆိုတာတောင် creative skill( ဖန်ထီးမှု စွမ်းရည် ) ပိုပြီးတိုးတတ်စေပါတယ်။
နောက်ပြီး ဘဝမှာအရေးကြီးတဲဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ်လေ့လာထားတဲ့ ပညာနဲ့ ဘဝအတွေ့အကြုံတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့၊ သေချာစဉ်းစား ဆင်ခြေနိုင်ဖို့ အထောက်အကူပြုလိမ့်မယ်။
မိဘအရိပ်အောက်မှာသက်တောင့်သက်သာလေးနေပြီး ဘဝကိုအချိန်ကုန်ပြီး တစ်ချိန်ကျ သူများတိုးတတ်သလောက် ကိုယ်မတိုးတတ်ဘူးဆိုပြီး နောင်တရမလား? ဒါမှမဟုတ် တစ်ချိန်မှာ ဘဝကိုရပ်တည်နိုင်တဲ့ မိဘကအမြဲဂုဏ်ယူရတဲ့သားသမီးတစ်ယောက်ဖြစ်အောင်လုပ်မလား? ရွေးချယ်ပါ။
နောင် ၅နှစ်မှာ ကိုယ်ဘယ်လိုဖြစ်နေမလဲဆိုတာ ကြိုတွေး (visualize) လုပ်ထားပါ။ ရေရှည်ကို plan ဆွဲထားပါ။ အချိန်က ခဏလေးကုန်တာပါ။ အသက်နှစ်ဆယ်အတွင်းမှာ ပညာပြီးမြောက်ဖို့နဲ့ အလုပ်အတွေ့အကြုံရယူဖို့ကအရေးကြီးဆုံးပါ။
ဒီရောက်ပြီး ကိုယ်တိုင် ကြိုးစားဖို့ကလည်း အရေးကြီးပါတယ်။ အလွယ်တကူ အရှုံးမပေးတတ်တဲ့ စိတ်ကိုမွေးယူပါ။ နိုင်ငံခြားမှာကိုယ့်အတွက် ပညာသင်ကြားနိုင်အောင်ပံံ့ပိုးပေးတဲ့ မိဘရဲ့ရင်နှီးမှုကကြီးမားတဲ့အတွက်ကြောင့် ကျောင်းပြီးရင် အလွယ်တကူ ပြန်မသွားပါနဲ့။အလုပ် အတွေ့အကြုံကိုရအောင်ယူပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ။
UK ကျောင်းကိုရွေးဖြစ်တယ်ဆိုရင်လည်း SafeNet UK team မှကျောင်းတတ်နေတုန်းပဲဖြစ်ဖြစ် ကျောင်းတတ်ပြီးလို့ အလုပ်လျှောက်ရင်ပဲဖြစ်ဖြစ်လိုအပ်တဲ့ အကူအညီများ အကြံညဏ်များပေးသွားမှာ ဖြစ်လို့ ခုပဲ SafeNet နဲ့ တိုင်ပင်ဆွေးနွေးပြီး ကျောင်းလျှောက်ဖို့အတွက် အမြန်ဆုံးဆက်သွယ်လိုက်နော်။



