Let us be part of your journey to successsafeneteducation@gmail.com
Back to all articles

IGCSE O-Level (ဆယ်တန်း) ပြီးရင် ဘယ်နိုင်ငံတွေမှာ ဘာတွေဆက်တက်လို့ရလဲကျောင်းတွေကို ဘယ်လိုရွေးချယ်မလဲ

January 19, 2026
3 min read
IGCSE O-Level (ဆယ်တန်း) ပြီးရင် ဘယ်နိုင်ငံတွေမှာ ဘာတွေဆက်တက်လို့ရလဲကျောင်းတွေကို ဘယ်လိုရွေးချယ်မလဲ

ပထမဦးစွာ IGCSE O-Level ဟာ မြန်မာပြည်ရဲ့ ၁၀ တန်း (Year 10) နဲ့ ညီမျှပါတယ်။ IGCSE ပြီးထားရုံနဲ့ ကမ္ဘာ့တက္ကသိုလ်တော်တော်များများမှာ တက္ကသိုလ်ဆက်တက်ဖို့စတင်ပြင်ဆင်လို့ရပါပြီ။ ဒီ post လေးမှာတော့ SafeNet မှ IGCSE ပြီးထားသူကျောင်းသားလူငယ်တွေအတွက် တက္ကသိုလ်ဆက်လက်တက်ရောက်ဖို့ လိုအပ်ချက်တွေကို နိုင်ငံအလိုက်ရှင်းပြပေးသွားမှာပါ

1. UK

လက်ရှိမြန်မာနိုင်ငံမှာကျင့်သုံးနေတာ UK Curriculum ပါ။ UK ရှိ တက္ကသိုလ်တော်တော်များများက ဆယ်တန်းပြီးထားပြီး English Qualification ပြည့်မီရုံနဲ့တင် Foundation Program အတွက်ကျောင်းအပ်လက်ခံသည့်အပြင် Foundation Scholarships များကိုပါ ဆယ်တန်း သို့မဟုတ် IGCSE ပြီးထားရုံနဲ့တင် လျှောက်ထားနိုင်ပါတယ်။ Foundation အောင်ပြီးရင် တက္ကသိုလ်ပထမနှစ်ကို တက်ရောက်နိုင်ပါပြီ။ ဒါမှမဟုတ် Ranking အကောင်းဆုံး ထိပ်တန်း တက္ကသိုလ်တွေ Medicine ဆရာဝန်ဘွဲ့ ကိုမှတက်ချင်ပါတယ်ဆိုသူတွေအတွက် IGCSE အပြီးမှာ A-Level/SAT ဆက်လက်တက်ရောက်နိုင်ပါတယ်။ ပြီးရင်တော့ တက္ကသိုလ်ကိုတိုက်ရိုက်ဝင်ခွင့်ရရှိနိုင်ပါပြီ။

IGCSE + Eng Qualification ️ Foundation ️ University Year 1

(or)

IGCSE + Eng Qualification ️ A-Levels/SAT ️ Direct Entry to University Year 1

2. US

IGCSE ပြီးထားပြီး US မှာမှ University ပဲ တက်ချင်ပါတယ်ဆိုတဲ့ ကျောင်းသားတွေကတော့ English qualification တစ်ခုခုပြင်ဆင်ပြီး International Year One ကို လျှောက်ထားနိုင်ပါတယ်။ အသက် ၁၈ ပြည့်ပြီးသားကျောင်းသားတွေဆိုရင်တော့ ဈေးသက်သာတဲ့ Community college တွေကိုလျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ scholarships လျှောက်ဖို့နဲ့ တစ်ချို့ Universities & Colleges တွေကတော့ AS & A Levels ဒါမှမဟုတ် SAT/ACT scores တွေ လိုအပ်ပါတယ်။

IGCSE + English Qualification ️ International Year One at University

(or)

If you’re already 18,

IGCSE + English Qualification ️ Community College

(or)

For scholarships & entry requirements of some colleges and universities

IGCSE + English Qualification ️ SAT/ACT/AS or A-Levels ️ International Year One

3. Canada

Canada ရဲ့ Education system ဟာဆိုရင်လဲ Grade 12 system ဖြစ်သည့်အတွက်ကြောင့် IGCSE / ဆယ်တန်း ပြီးထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့လဲ Entry အတွက် စကားပြောစရာတစ်ခုဖြစ်နေမှာပါပဲ။ ဒါပေမဲ့ တစ်ချို့ College တွေကတော့ ယခုလို ကျောင်းသားတွေအတွက် Grade 12 level နဲ့ ညီမျှတဲ့ Upgrading skill courses တွေ ထားရှိပေးထားပြီး မိမိတက်ရောက်ချင်တဲ့ diploma course မတက်ရောက်ခင်မှာ သက်ဆိုင်ရာ course entry အလိုက်တောင်းတဲ့ (for example, pre-calculus or Chemistry) courses အတိုလေးတွေ တက် exam ဖြေပြီး ဝင်ခွင့်ရရှိနိုင်ပါတယ်။ College pathway program ကို တက်ရောက်ပြီးလဲ ဝင်ခွင့်ရရှိနိုင်သလို တစ်ချို့ကျောင်းသားတွေကလဲ ဆယ်တန်းအပြင် တခြား diploma သင်တန်း တစ်ခုခု တက်ထားတဲ့ လက်မှတ်အခံနဲ့ လျှောက်ပြီး ဝင်ခွင့်ရရှိသွားကြသူတွေလဲရှိပါတယ်။ IGCSE ပြီးရုံနှင့် University တွေ တိုက်ရိုက် တက်ရောက်ချင်သူတွေအတွက်တော့ A-Levels ဒါမှမဟုတ် Grade 12 နှင့်ညီမျှတဲ့ Qualification တစ်ခုခု ကို ပြင်ဆင်ဖို့အတွက် အကြံပြုချင်ပါတယ်။

IGCSE + English Qualification ️ Upgrading skill courses or College Pathway Programs or Diploma ️ College

(or)

IGCSE + English Qualification ️ AS & A Levels or Grade 12 equivalent qualification ️ University Year One

4. Australia

Australia မှာ IGCSE ပြီးထားတဲ့ ကျောင်းသားတွေတက်ရောက်မည်ဆိုပါက University Pathway programs တွေဖြစ်တဲ့ Foundation program တွေကို အရင်တက်ရောက်ဖို့လိုအပ်ပါတယ်။ မိမိတက်ရောက်မည့် တက္ကသိုလ်ကို အရင်ရွေးချယ်ပြီး သက်ဆိုင်ရာ Institution က လက်ခံသည့် Pathway Program များကိုတက်ရောက်ခြင်းကတော့ ပိုကောင်းပါတယ်။ ဈေးသက်သာချင်သည့်ကျောင်းသားများကတော့ Diploma courses တွေကို IGCSE O Level လက်ခံတဲ့ College တေကို ရွေးချယ်တက်ရောက်ကြပါတယ်။

IGCSE + English Qualification ️ Pathway Programs ️ University Year One

(or)

IGCSE + English Qualification ️ Colleges in Australia

5. New Zealand

IGCSE ပြီးထားပြီး New Zealand မှာ ကျောင်းတက်ချင်တဲ့ကျောင်းသားတွေအတွက်ကတော့ Foundation or University Pathway Programs တွေကိုတက်ရောက်ပြီး Entry ရရှိနိုင်ပါတယ်။

IGCSE + English Qualification ️ University Pathway or Foundation ️ University Year One

6. Switzerland

IGCSE ပြီးထားပြီး Switzerland မှာ ကျောင်း တက်ချင်ရင်တော့ Foundation Programs or Bridging programs တစ်ချို့ကိုတက်ရောက်ပြီး University ကို ဆက်တက်နိုင်သလို IB, AS & A-Levels or Grade 12 Qualification များ ဆက်ပြင်ဆင်ပြီး Bachelor ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။

IGCSE + English Qualification ️ Bridging Program or Foundation ️ University Year One

(or)

IGCSE + English Qualification ️ IB, AS & A-Levels or Grade 12 ️ University Year One

7. Singapore

IGCSE ပြီးထားပြီး Singapore မှာတက်ချင်တဲ့ကျောင်းသားတွေအတွက်ကတော့ Diploma courses တွေ Foundation Programs တွေကို English results တစ်ခုခုရှိရုံနဲ့တင် တက်ရောက်နိုင်ပါတယ်။ တစ်ချို့ ထိပ်တန်း Public Universities ကြီးတွေကတော့ SAT/ACT scores တွေတောင်းတာမျိုးရှိပါတယ်။

IGCSE + English Qualification ️ Foundation or Diploma Courses ️ University Year One or Advanced Diploma Level

8. Thailand

​IGCSE ပြီးထားတဲ့ကျောင်းသားတွေဟာ English Qualification ဖြင့် ထိုင်းမှာ တက္ကသိုလ် Bachelor ၄နှစ်မှ ပထမဆုံးတစ်နှစ်ကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

IGCSE + English Qualification ️ University Year One

IGCSE ပြီးထားတဲ့ ကျောင်းသားများအနေနှင့် မိမိဆက်လက်တက်ရောက်မည့် နိုင်ငံရွေးတဲ့အခါမှာ Entry requirements, costs & opportunities တွေ အပေါ်မှာ အခြေခံပြီး Programs & Institutions တွေကို သေချာဆုံးဖြတ်ရွေးချယ်သင့်ပါတယ်။

ကျောင်းသားများအနေနှင့်လဲ မိမိ အနာဂတ်အတွက် အခမဲ့ တိုင်ပင်ဆွေးနွေးလိုပါက SafeNet ကို ဆက်သွယ်လိုက်နော်။

Share this article

Ready to Start Your Study Abroad Journey?

Get expert guidance from our consultants and take the first step towards your international education dreams.