Let us be part of your journey to successsafeneteducation@gmail.com
Back to all articles

UK Culture Etiquette (2)

January 19, 2026
1 min read
UK Culture Etiquette (2)

အပိုင်း (၂)​မှာတော့ ယေဘုယျ ဗြိတိန်လူမျိုးအများစုမှာ တွေ့ရတတ်တဲ့နေထိုင်ပုံ အပြုအမှုများကို ဆက်လက်မျှဝေပေးလိုက်ပါတယ်။

Meeting and Greeting

အချင်းချင်း ပထမဆုံးစတွေ့ဆုံလျှင် ဗြိတိန်လူမျိုးများသည် လက်ဆွဲနှုတ်ဆက်လေ့ရှိသည်။ အရမ်းရင်းနှီးသော မိတ်ဆွေ၊ သူငယ်ချင်းမှသာတစ်ယောက်နှင့်တစ်ယောက်ဖတ်ပြီး နှုတ်ဆက်လေ့ရှိသည်။

ဗြိတိန်လူမျိုး မိတ်ဆွေသူငယ်ချင်း (သို့)​ လုပ်ဖော်ကိုင်ဖက်အိမ်အလည်ဖိတ်တဲ့အခါကျရင်သွားလည်တဲ့အခါ လက်ဆောင်ပစ္စည်း တစ်ခုခုဝယ်သွားပေးပါ။ ဥပမာ ပန်းစည်း (သို့)​ ချောကလက် (သို့)​ ဝိုင်ပုလင်း။

Questions you shouldn't ask directly

အသက်၊ လစာ ဝင်ငွေ၊ ပိုင်ဆိုင်မှု ပစ္စည်း၊ ကိုယ်အလေးအချိန် စသည်နှင့်ပက်သက်သော မေးခွန်းများကို မည်သူ့ကိုမဆို တိုက်ရိုက်မေးခြင်းကို မပြုလုပ်ရန်ဗြိတိန်မှာ သတိပြုပါ။ ဥပမာ - လူကိုစတွေ့ရင် ဝလာလိုက်တာ၊ ပိန်သွားလိုက်တာ၊ အသက်ဘယ်လောက်ရှိပြီလဲ၊ လစာဘယ်လောက်ရလဲ၊ စသည့်မေးခွန်းများကိုမမေးဖို့ အထူးဂရုပြုပါ။

မြန်မာပြည်မှာ တချို့တွေမေးလေ့ရှိကြပေမယ့် ဗြိတိန်နိုင်ငံမှာ ထိုမေးခွန်းများအားမေးရင် ရိုင်းတယ်လို့ ယူဆပါတယ်။

Others Behavior

လူအများရှေ့ လေချဉ်တတ်တာ၊တံတွေးထွေးတာ၊ စားရင်အရမ်းအသံမည်တာ၊ ချွဲသလိပ်ခတ်တာ အရမ်းရိုင်းတဲ့ အပြုအမူများအဖြစ် သတ်မှတ်ပါတယ်။ အများရှေ့မှာ မလုပ်မိစေရန် အထူးသတိထားပါ။

Punctuality

အချိန်တိကျမှုကိုအလွန်လေးစားသောနိုင်ငံဖြစ်တဲ့အတွက် ဗြိတိသျှလူမျိုးများနှင့်တွေ့ဆုံမှုပြုလုပ်ရင် နောက်မကျအောင် သတိထားပါ။ နောက်ကျခဲ့ပြီဆိုလျှင်လည်း သက်ဆိုင်သူကို ကြိုတင်အသိပေးပါ။

Personal space and privacy

လူ့အခွင့်အရေးကို အရမ်းတန်ဖိုးထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ကိုယ်ပိုင် သီးသန့် personal space နှင့် privacy ကိုလည်းအရမ်းအလေးထားတယ်။ဒါကြောင့် ဥပမာ စကားပြောရင်း ဟိုပုတ်လိုက်ဒီပုတ်လိုက် ထိတွေ့မှုများတာ၊ အရမ်းနီးနီးကပ်ကပ်ရပ်တာ၊ အများရှေ့မှာ အသံအကျယ်ကြီးစကားပြောတာတွေကို မလုပ်ဖို့အထူးဂရုပြုပါ။

They call you Love, Dear or Darling.

စကားပြောဆိုရာတွင် Darling or Love ဆိုပြီး ခေါ်ဝေါ် ပြောဆိုလေ့ရှိတာကို လူကြီးများ လူငယ်များကို စကားပြောရာတွင် သုံးလေ့ရှိကြသည်။

တကယ်တော့ ခင်မင်ရင်းနှီးတဲ့အနေဖြင့်သာ သုံးခြင်းဖြစ်သည်။

ဒီ Article လေးကိုဖတ်ပြီးလို့သဘောကျရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။ ဒါနဲ့… နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို #SafeNet ကိုမမေ့နဲ့နော်။

Share this article

Ready to Start Your Study Abroad Journey?

Get expert guidance from our consultants and take the first step towards your international education dreams.