UK ရောက်ရောက်ချင်းမှာကားမောင်းချင်ရင်တော့ International Driving License ကိုရန်ကုန်မှာလျှောက်ခဲ့လျှင် (၁) နှစ် UK မှာကားမောင်းလို့ရပါတယ်။ (၁)နှစ်ကျော်သွားခဲ့ရင်တော့ UK Full Driving License ကို အစအဆုံးလျှောက်ထားရပါမယ်။
ပထမဦးဆုံးအနေနဲ့ သင်မောင်းလိုင်စင် (သို့) provisional license ကိုလျှောက်ရပါမယ်။
‼️UK ရောက်ရင် ကျောင်းသားတိုင်း provisional license ကိုဘာကြောင့်လျှောက်ထားသင့်လဲ?
UKမှာ driving licenseကို Identity အနေဖြင့် အသုံးပြုလို့ရပါတယ်။ Passport (သို့) BRP Card ကအရေးကြီးတဲ့အတွက်ကြောင့် အပြင်သွားတဲ့အခါ အမြဲ ယူဆောင်ဖို့အားမပေးပါဘူးနော်။ BRPပျောက်သွားခဲ့ရင် ပြန်လျှောက်ဖို့ အခက်အခဲကြောင့် driving license ကို IDအနေဖြင့်အစားထိုးသုံးဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် စျေးဝယ်တဲ့အချိန် ဥပမာ အရက်၊ဓားစသည်တို့ကို ဝယ်တဲ့အချိန်မှာ ကိုယ်က အသက်(၂၅) နှစ်အောက်လို့ ထင်ခဲ့ရင် ကိုယ့်အသက်ကို အထောက်အထားပြဖို့ driving licence card ကို ID အနေဖြင့်ထုတ်ပြလို့ရပါတယ်။
သင်မောင်းလိုင်စင် (သို့) provisional license လျှောက်ဖို့အတွက်ဘာတွေလိုလဲ?
အသက် ၁၅နှစ် ပြည့်ဖို့လိုအပ်ပါတယ်။
Plate Number တွေကို မီတာ ၂၀အကွာမှာဖတ်နိင်ရမှာဖြစ်ပြီး
Great Britain မှာနေဖို့ အနဲဆုံး ၁၈၅ ရက် Visa ရှိထားဖို့လိုအပ်ပါတယ်။
လျှောက်တဲ့အခါ Online (သို့) Postမှတဆင့်လျှောက်ထားလို့ရပါတယ်။
Online မှာလျှောက်မယ်ဆို အောက်မှာဖော်ပြထားသောလင့်ခ်ကနေ လျှောက်လို့ရပါတယ်။ Onlineမှာမေးခွန်းများကိုတစ်ဆင့်ချင်းဆီဖြေပြီးရင် Application Form အိမ်ကိုပို့ပေးပါတယ်။ ဖြည့်ပြီးရင်တော့ Passport photo, BRP ကဒ် (သို့) Passport နှင့်အတူ Application မှာဖော်ပြထားတဲ့ DVLA addressကိုပို့ပေးရပါမယ်။
https://www.gov.uk/apply-first-provisional-driving...
လက်တစ်လော gov.co.uk မှာဖော်ပြချက်အရ Online မှာလျှောက်ရင် £34 ပေးရမှာဖြစ်ပြီး Post မှတဆင့်လျှောက်ရင် £43 ကုန်ကြမှာဖြစ်ပါတယ်။ Post ဖြင့်လျှောက်ရင် D1 Form ကိုဖြည့်ပြီး £43 cheque (သို့) postal order နှင့်အတူ DVLA ကိုပို့ပေးရမယ်။
D1 Form ကိုအိမ်ကိုပို့ရန် မှာယူဖို့ ဒီလင့်ခ်မှာတဆင့်မှာယူလို့ရပါတယ်။
https://www.gov.uk/dvlaforms
DVLA ဆိုတာဘာလဲ?
DVLA ရဲ့အရှည်ကောက်က Driver and Vehicle Licensing Agency ပါ။ မြန်မာပြည်မှာဆိုရင်တော့ (ကညန) ရုံးလို့ခေါ်ပါတယ်။
Provisional Licenses ရပြီဆိုမှသာ Driving Theory ဖြေဖို့ Online မှာ booking စတင်လို့ရမှာဖြစ်သလို ကားမောင်းသင်တန်းလည်း စတင်သင်ယူလို့ရမှာဖြစ်ပါတယ်။ Provisional Liscense မရှိပဲ ကားမောင်းသင်လို့မရသလို Theory Test လည်းဖြေလို့မရပါဘူးနော်။
လက်တလော Driving Theory Test Fee က £23 ဖြစ်ပါတယ်။ Theory Test အောင်ပြီးမှသာ Practical Test ကိုBookingယူလို့ပါတယ်။ မအောင်သေးခင် Booking test ယူလို့မရပါ။ ဘာကြောင့်လဲဆိုတော့ Theory အောင်လက်မှတ်မှာပါတဲ့ နံပါတ်ကို Practical Test ကို Book လုပ်တယ့်အခါဖြည့်ရမှာ ဖြစ်လို့ပါ။
လက်တစ်လော Driving Practical Testအတွက် Fee ကတော့ ကြားရက်ဆို £62 ဖြစ်ပြီး ရုံးပိတ်ရက်ဆို £75 အထိရှိနိုင်ပါတယ်။
လိုအပ်ချက်များ နှင့်အသေးစိတ်ကို အောက်ပါလင့်မှာဖတ်လို့ရပါတယ် -
https://www.gov.uk/apply-first-provisional-driving...
ဒီ Article လေးကိုဖတ်ပြီးလို့သဘောကျရင် Like & Share လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။
ဒါနဲ့… နိုင်ငံခြားမှာကျောင်းတက်တော့မယ်ဆို #SafeNet ကိုမမေ့နဲ့နော်။ .



